Tuesday, December 9, 2014

မြန်မာ့လွတ်လပ်ရေးဇာတာ

         မြန်မာပြည်သည် တိုင်းရင်းသားပေါင်းစုံ နေထိုင်သည့် ပြည်ထောင်စုနိုင်ငံဖြစ်ကြောင်းကို ၁-တန့် Sub-lord က ပြ၏။

Monday, December 8, 2014

Job continued?- A KP Appraisal


            သင်္ဘောလိုက်နေတဲ့ ကျွန်တော့်ညီငယ်လေးတစ်ယောက် အလုပ်ထဲမှာ အထက်လူကြီးနဲ့ ပြဿနာဖြစ်လို့ အလုပ်ပြုတ်၊မပြုတ် တွက်ကြည့်ထားတာပါ။ သူ့ရဲ့ကန်ထရိုက်စာချုပ်က 23.3.2015 ကျမှ ပြည့်မှာဖြစ်ပါတယ်။ ဒါပေမယ့် + OR –  one month ရှိလေတော့ 23.2.2015 အထိဆက်လုပ်ရရင်လည်း စာချုပ်ပြည့်တယ်လို့ ပြောလို့ရပါတယ်။ သုံးသပ်ကြည့်ကြပါစို့။
Astro data:
Name: ACL
Date: 28.11.2014(Fri:)                  Time: 01:45:36 AM   Number given: 125
Place: Hadong; Korea.                  Lat: 34° N 01’ 17”     Long: 127° E 58’ 41” TZ: +9:00
Query: အလုပ် ကန်ထရိုက်စာချုပ်ပြည့်မလား?
          အထက်ပါ Astro data များကို KP ဟူးရားဇာတာဖွဲ့လျှင် အောက်ပါဇာတာကို ရရှိမည်-

Moon reveals the state of mind
        စိတ်နှင့်ဆိုင်သော ၂-င်္လာဂြိုဟ်သည် မေးသည့်မေးခွန်းနှင့် ဆက်စပ်မှုရှိမှသာ မေးသူသည် ရိုးသားပြီး ရှေ့ဆက်ဟောရပေမည်။
          အထက်ပါဇာတာတွင် ၂-င်္လာဂြိုဟ်သည် ၄-တန့်တွင်ရပ်၍၊ ၁၀-တန့်(အလုပ်ဘာဝ) ပိုင်ရှင်ဖြစ်သည်။ ထို့ကြောင့် မေးသည့်မေးခွန်းနှင့် ဆက်စပ်မှုရှိပြီး ရှေ့ဆက်ဟောရပေလိမ့်မည်။
KP rule for getting a job - {အလုပ်တစ်ခု ရရှိမှု}
            If the cuspal sublord of 6th and 10th be the significator of 2,6 or 10, a job is promised during the joint period of significators of 2,6 and 10.
Ascendent Sub-lord signifies one’s effort
        အထက်ပါဇာတာတွင် ၁-တန့် Sub-lord သည် ၄-ဟူးဖြစ်၍ ၂-တန့် (ဝင်ငွေ) ဘာဝတွင်ရပ်ကာ ၂-တန့်ဘာဝတွင် ရပ်နေသော ၀-နေနက္ခတ်၊ ၀-နေ Sub ကိုစီးထား၏။
          ထို့ကြောင့် ဇာတာရှင်၏ ကြိုးစားအားထုတ်မှုဖြင့် အလုပ်မပြုတ်မည်ကိုပြ၏။
Cuspal Analysis
Primary Cusp (10th Cusp)
        အထက်ပါဇာတာတွင် ၁၀-တန့် Sub-lord သည် ၈-ဟုဂြိုဟ်ဖြစ်သည်။ ၈-ဟုဂြိုဟ်သည် ၁၂-တန့်တွင်ရပ်၍ ၄-တန့်တွင်ရပ်သော ၁၀-တန့်(အလုပ်)ဘာဝဂြိုဟ်ပိုင် ၂-င်္လာနက္ခတ်ကို စီးထား၏။ Sub-lord   ၈-ဟုဂြိုဟ်ပိုင်နက္ခတ်တွင် စီးထားသော ဂြိုဟ်မရှိ။ (No planets in its stars. ပါ။)
          “ဂြိုဟ်တစ်လုံးဟာ မိမိပိုင်နက္ခတ်ပေါ်တွင် မည်သည့်ဂြိုဟ်မှ စီးမထားဘူးဆိုရင် သူဟာ သူ Sub-lord အဖြစ် တာဝန်ထမ်းဆောင်ရတဲ့ ဘာဝတွေရဲ့ အားကြီးတဲ့ အကျိုးဆောင်ဂြိုဟ်ဖြစ်လာပါတယ်။ ဒီဇာတာမှာဆိုရင် ၈-ဟုဂြိုဟ်ဟာ ၁၀-တန့် (အလုပ်) ဘာဝတစ်ခုတည်းရဲ့ Sub-lord ဖြစ်ပါတယ်။”
          “ဒါ့ကြောင့် သူဟာ အလုပ်ပြုတ်မှာ မဟုတ်ပါဘူး။”
Supporting Cusp (6th Cusp)  ဝန်ထမ်းဘာဝ
          အထက်ပါဇာတာတွင် ၆-တန့် Sub-lord သည် ၀-နေုဂြိုဟ်ဖြစ်သည်။ ၀-နေုဂြိုဟ်သည် ၂-တန့် ဘာဝတွင် ရပ်၍ ၁၀-တန့်တွင်ရပ်သော ၆-တန့်(ဝန်ထမ်း)ဘာဝဂြိုဟ်ပိုင် ၅-တေးနက္ခတ်ကို စီးထား၏။
          “ဒါ့ကြောင့် သူဟာ အလုပ်ပြုတ်မှာ မဟုတ်ပါဘူး။”
Ruling Planets(RPs)      - စိုးမိုးဂြိုဟ်များ
        As we cannot neglect the  Ruling Planets(RP) at the time of judgement, Ruling Planets are as under;
လဂ်သခင်          - ၄-ဟူး
လဂ်စီးနက္ခတ်     - ၁-နွေ
စန်းသခင်          - ၀-နေ
စန်းစီးနက္ခတ်     - ၂-င်္လာ
နေ့သခင်          - ၆-ကြာ
          RP ၅လုံးမှာ ၁-နွေ၊ ၄-ဟူး၊ ၆-ကြာ၊ ၀-နေ စတဲ့ RP ၄လုံးဟာ ၂-တန့်(ဝင်ငွေ)ဘာဝမှာ ရပ်နေပါတယ်။ ၂-င်္လာက ၄-တန့်မှာရပ်တဲ့ ၁၀-တန့်သခင်ဖြစ်ပါတယ်။
Dasa looking up
        ၂-င်္လာထူလ၊ ၄-ဟူး ဘုတ္တိဒသာက 16.8.2015 အထိစားမှာဖြစ်ပါတယ်။ ၂-င်္လာနဲ့ ၄-ဟူးတို့ဟာ RP ထဲမှာလည်းပါပြီး ၄င်းတို့အကြောင်းကို အထက်မှာ ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။
Conclusion
        ညီငယ်လေး ACL အလုပ်မပြုတ်ပဲ စာချုပ်ပြည့်လုပ်ကိုင်ရလိမ့်မည်။
(ACL ပြန်လာမည့်ရက်ကို ထပ်မံဖော်ပြပါမည်။)
ဆရာဦးဇာနည် (K.P)
B.E.(CIVIL)
FB Group: အခါပေး ဗေဒင်